၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုရ မွန်ပြည်နယ် အမျိုးသမီးအသင်းနှင့် ရွှေတံဆိပ်ဆုရ အမျိုးသားအသင်းတို့အား ဂုဏ်ပြု
မော်လမြိုင် စက်တင်ဘာ ၃
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်းရှိ
ကျေးရွာများတွင် ရေစီးရေလာကောင်းမွန်စေရေးနှင့် စိုက်ပျိုးမြေဧရိယာများ ရေကြီး နစ်မြုပ်မှု
ကာကွယ်နိုင်ရေးအတွက် မော်လမြိုင်မြို့နယ် ကော့နှတ်ကျေးရွာနှင့် ကတိုးကျေးရွာတို့၌ ချောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းတွင်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ပြည်နယ်ဝန်ကြီး
များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ကော့နှတ်ကျေးရွာ၌ ကိုလိုနီခေတ်က မွန်သူဌေးကြီး ဦးနာအောက် ဆောက်လုပ်လှူဒါန်းခဲ့သော
ကော့နှတ်စေတီတော်မြတ်ကြီးနှင့် ကျောင်းဆောင်များ၊ မဟာဝိဇယသိမ်တော်ကြီးအတွင်း မွန်ရိုးရာ
အနုလက်ရာများအပြင် ကိုလိုနီခေတ် ဗိသုကာလက်ရာများကို လှည့်လည်ကြည့်ရှုလေ့လာကာ
ကော့နှတ်စေတီတော်မြတ်ကြီး၏ တိုက်ကျောင်းကြီး၌ ဘဒ္ဒန္တသောမ မဟာထေရ်ထံ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး
လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့ပြင် ၂၀၂၆ ခုနှစ်
တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်
အမျိုးသမီး တံခွန်စိုက်ဒိုင်းဆုရ မွန်ပြည်နယ်အမျိုးသမီးပိုက်ကျော်ခြင်းအသင်းနှင့် ရွှေတံဆိပ်ဆုရ
အမျိုးသားပိုက်ကျော်ခြင်းအသင်းတို့အား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပထမတံခွန်စိုက်ဆုဖလားကို ပြည်နယ်ဝန်ကြီးချုပ်ထံ အပ်နှံကာ တံခွန်စိုက်ဒိုင်းဆုရရှိခဲ့သည့်
မွန်ပြည်နယ်အမျိုးသမီးပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုဆုငွေများ
ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)

No comments