ရေးမြို့နယ်၌ ဆိုလာစနစ်ဖြင့် ရေရရှိရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ရေး စက်တင်ဘာ ၃
မွန်ပြည်နယ် ရေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေဖြင့် စိန်ကြီးကျေးရွာ၌ ဆိုလာစနစ်ဖြင့် ရေရရှိရေးလုပ်ငန်းများ
ဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရေးခရိုင်ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တခရိုင်ဦးစီးမှူး၊ ရေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက စိန်ကြီးကျေးရွာ၌ ဆိုလာစနစ်ဖြင့် ရေရရှိရေးလုပ်ငန်းများ
ဆောင်ရွက်နေမှု အခြေအနေများ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ခေတ္တခရိုင်ဦးစီးမှူးက
မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ စိန်ကြီးကျေးရွာ၌ 3.6 KW ဆိုလာစနစ်
တည်ဆောက်ခြင်း၊ 2HP Submersible Pump တပ်ဆင်ခြင်းနှင့် ဆပ်စပ်လုပ်ငန်းများဆောင်ရွက်ခြင်းကို
ပြည်နယ်ရန်ပုံငွေကျပ် ၂၀ ဒသမ ၃၇ သန်း ဖြင့် ရေးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
တာဝန်ယူ၍ သြဂုတ်လ စတုတ္ထပတ်မှစတင်ကာ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၉၀ ရာခိုင်နှုန်းခန့်
ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
သုတ

No comments