ဗဟန်းမြို့နယ်သမဝါယမအသင်းစုလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ စည်းဝေး

 


ရန်ကုန် စက်တင်ဘာ ၃၀

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသမဝါယမဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲကို ယ‌နေ့နံနက် ၁၀ နာရီတွင် ဗဟန်းမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ကျင်းပသည်။

 

အစည်းအဝေးတွင် သမဝါယမအသင်းစုလီမိတက်၏အမှုဆောင် အဖွဲ့အစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများကို သဘာပတိကတက်ရောက်လာကြသော ကိုယ်စားလှယ်များထံ အတည်ပြုရယူခဲ့သည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဖွဲ့စည်းရေးကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းအေးက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ အမှုဆောင်သစ်များရွေးချယ်တင်မြှောက်ပြီး အသင်းဝင်အခြေခံအသင်း များအား အစုပေါ်အမြတ်များပေးအပ်ခဲ့‌ကြောင်း သိရသည်။

မြို့နယ်(သ/မ)

No comments

Powered by Blogger.