မင်းလှမြို့နယ်၌ ဝါစိုက်ခင်းများအား ကြည့်ရှုစစ်ဆေး
မကွေး စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ထွန်းနှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၉ ရက်က မင်းလှ မြို့နယ် သမဝါယမအသင်းစုလီမိတက်ပိုင် ဆီစက်လည်ပတ်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆီစက်အဆင့်မြှင့်တင်ရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် မင်းလှမြို့နယ် ပေတောကန္ဒားကျေးရွာအုပ်စု ကိုင်းကျေးရွာရှိ သက်တန့်ရောင်စီမံကိန်းဖြင့် မျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးအပ် ထားသော ရွှေဝါမြေလယ်/ထွေသမဝါယမအသင်းမှ အသင်းသား တောင်သူ ဦးသိန်းအောင်၏ “ဝါ” စိုက်ခင်းသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးကာ ဒေသခံတောင်သူများ၏ လိုအပ်ချက်များအား အသင်းအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)

No comments