အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရေး စီမံဆောင်ရွက်သွားကြရန် ဒုတိယဝန်ကြီး ဦးညီညီ မှာကြား
နေပြည်တော် စက်တင်ဘာ ၂၀
အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ်ကျင်းပပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် စီမံဆောင်ရွက်သွားကြရန် အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ရာမညအားကစားကွင်းကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများအား မှာကြားပြီး ရာမညအားကစားကွင်းအတွင်း ပွဲကြည့်စင်၊ Synthetic ပြေးလမ်း၊ ဘောလုံးကွင်း
မြက်ခင်းပြင်ထိန်းသိမ်းထားရှိမှုနှင့် လေ့ကျင့်ရေးရုံ၏ ကြံ့ခိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ရာမညအားကစားကွင်းရှိ အစည်းအဝေးဧည့်ခန်းမဆောင်၌ မွန်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံကာ အားကစားသမားများ စနစ်တကျလေ့ကျင့်နိုင်ရေး၊
စံချိန်/ စံညွှန်းပြည့်မီစွာ တည်ဆောက်ထားသည့် အားကစားကွင်း/
အားကစားရုံများ ရေရှည်တည်တံ့ ခိုင်မြဲစေရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးတို့အတွက် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင်
ကျောင်းသား အားကစားကွင်း၌ ကျောင်းသား ကျောင်းသူ အားကစားသမားများ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လေ့ကျင့်ပြင်ဆင်ထားရှိမှု၊ ရေ၊ မီး
နှင့် သန့်စင်ခန်း အသုံးအဆောင်
တပ်ဆင်ထားရှိမှု၊ အားကစားအထောက်အကူပြုစက်ပစ္စည်းကိရိယာများ စနစ်တကျတပ်ဆင်ထားရှိမှုတို့ကို
သွားရောက်ကြည့်ရှုစစ်ဆေးပြီး လူငယ်ကျောင်းသား အားကစားသမားများ အဆင်ပြေချောမွေ့စွာလေ့ကျင့်မှုများ
ဆောင်ရွက်နိုင်စေရန် လိုအပ်သည့် လေ့ကျင့်ရေးသုံး အားကစားအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်
တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments