ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲ ကျင်းပ

 


ရမည်းသင်း စက်တင်ဘာ ၂၁

 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်တွင် အခြေခံနှင့်မွမ်းမံ လျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွှေဒါးသာစည် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

 

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးချစ်က အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထိုက်တန်က ဇူလိုင် ၂၈ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ရက်သတ္တခြောက်ပတ်ကြာ သင်တန်းဖွင့်လှစ်ပေးသည်။

 

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထူးချွန်သင်တန်းသားငါးဦးအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပြီး သင်တန်းသားများ လက်တွေ့ပြုလုပ်ထားသည့် သံဂဟေဆက်ပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.