သုံးခွမြို့နယ် သမဝါယမဦးစီးဌာန၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲကျင်းပ
ရန်ကုန် စက်တင်ဘာ ၂၁
သုံးခွမြို့နယ် သမဝါယမဦးစီးဌာန၏ ၂၀၂၅-၂၀၂၆
နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲကို ရန်ကုန်တိုင်းဒေသကြီး
သုံးခွမြို့နယ်သမဝါယမဦးစီးဌာနရုံး၌ စက်တင်ဘာ ၂၁ ရက်က ကျင်းပသည်။
အခမ်းအနားတွင် သဘာပတိဦးဇော်ဝင်းနှင့်
ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်တို့က အမှာစကား
ပြောကြားသည်။
ထို့နောက်၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာအဖွဲ့အစီရင်ခံစာအား
မြို့နယ်အသင်းစုအုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်မာမာစီ၊ အသင်းစာရင်းစစ်အစီရင်ခံစာအား စာရင်းစစ်အဖွဲ့
ဦးပြည့်ဖြိုးကျော်တို့က ဖတ်ကြားတင်ပြကြသည်။
ယင်းနောက် အမှုဆောင်အဖွဲ့၏အစီရင်ခံစာနှင့်
အသင်းစာရင်းစစ် အစီရင်ခံစာအား အတည်ပြုချက်ရယူကြသည်။
ဆက်လက်၍ ဒါရိုက်တာ အဖွဲ့ဝင်အသစ်များအား
ကတိသစ္စာပြုခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး အစုပေါ်အမြတ်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)

No comments