ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံးမိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား



နေပြည်တော် စက်တင်ဘာ ၁၂

ကမ္ဘောဒီးယား နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အဖွဲ့ဝင် များလိုက်ပါ၍ ယနေ့ဒေသစံတော် ချိန် နံနက် ၉ နာရီတွင် ဖနောင်ပင် မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား ကမ္ဘော ဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံး၌ တွေ့ဆုံအမှာစကား ပြောကြားသည်။


ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိကြရာ ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ် ကြီး ဦးကျော်စိုးမင်းနှင့်ဇနီး၊ မြန်မာ စစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူး ချုပ် ဇော်ဝင်းနှင့် သံရုံး၊ စစ်သံရုံး မိသားစုများက ရင်းနှီးနွေးထွေးစွာ ဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။ ၎င်းနောက် နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးဧည့်သည်တော် မှတ်တမ်းစာအုပ်၌ မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။


ထို့နောက် နိုင်ငံတော်သမ္မတ က သံရုံး၊ စစ်သံရုံးမိသားစုများ၊ ပညာတော်သင် သင်တန်းသား များအား တွေ့ဆုံအမှာစကား ပြောကြားရာ ဦးစွာကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ် ကြီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)နှင့် သံရုံး၊ စစ်သံရုံး မိသားစု များ၊ သင်တန်းသားအရာရှိများက တစ်ဦးချင်းမိတ်ဆက်ကြသည်။


ချစ်ကြည်ရင်းနှီးမှုများ တည်ဆောက်

ယင်းနောက် နိုင်ငံတော် သမ္မတက အမှာစကားပြောကြားရာ တွင် မိမိအနေဖြင့် ကမ္ဘောဒီးယား နိုင်ငံ ဘုရင်မင်းမြတ်၏ ဖိတ်ကြား ချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီး လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံ သံတမန်ဆက်ဆံ ရေးသည် ရှည်လျားကောင်းမွန်ပြီး ယခင်ကတည်းက ချစ်ကြည်ရင်းနှီး သည့် ဆက်ဆံမှုများရှိကြောင်း၊ အလားတူ နှစ်နိုင်ငံ၏ သမိုင်း ကြောင်း၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ များနှင့် ကိုးကွယ်မှုအစဉ်အလာ နှင့် သက်ဝင်ယုံကြည်မှုများတွင် လည်း များစွာတူညီမှုများ ရှိကြောင်း၊ ခေတ်အဆက်ဆက် တွင် နှစ်နိုင်ငံ ခေါင်းဆောင်များ အနေဖြင့်လည်း အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ သွားရောက်ခဲ့ကြပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုများကို တည် ဆောက်ခဲ့ကြကြောင်း၊ အဆိုပါ ကောင်းမွန်သည့် သမိုင်းအစဉ် အလာကောင်းများကို ဆက်လက် ထိန်းသိမ်းနိုင်ရန် မိမိအနေဖြင့် ယခုကဲ့သို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း။


မိမိတို့နှစ်နိုင်ငံသည် မွန်ခမာမျိုးနွယ်များဖြစ်ကြသည်နှင့်အညီ နှစ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု များတွင် တူညီမှုရှိကြောင်း၊ စာပေ တွင်လည်း မွန်စာပေနှင့် ကမ္ဘော ဒီးယားစာပေများ အနည်းငယ် တူညီမှုရှိသည်ကို လေ့လာသိရှိရကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် ယဉ်ကျေးမှုဓလေ့ထုံးစံများ တူညီ သည့်အတွက် အိမ်နီးချင်းနိုင်ငံများ မဟုတ်ကြသော်လည်း ချစ်ကြည် ရင်းနှီးသော၊ ကောင်းမွန်သော ဆက်ဆံရေးရှိသည့် နိုင်ငံများ ဖြစ်ကြကြောင်း။


မြန်မာနိုင်ငံသည် စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အဓိက ဆောင်ရွက်လျက် ရှိသကဲ့သို့ ကမ္ဘောဒီးယား နိုင်ငံတွင်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကို အဓိက ဆောင်ရွက်လျက်ရှိ သည်ကို လေ့လာတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်း များတိုးတက်လာစေရေး စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံ ပညာကျောင်းများကို ဖွင့်လှစ် သင်ကြားပေးလျက် ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်လာမှသာ နိုင်ငံအတွက် လိုအပ်သည့် ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ပြီး ပြည်တွင်းလိုအပ် ချက်နှင့် ပြည်ပပို့ကုန်များကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ် ကြောင်း၊ သို့မှသာ နိုင်ငံအတွင်း ငွေကြေး လည်ပတ်မှုများ ကောင်းမွန်လာပြီး နိုင်ငံ၏ GDP များ တိုးတက်လာမည်ဖြစ် ကြောင်း။


မိမိတို့နိုင်ငံအနေဖြင့် အွန်လိုင်း ငွေကြေး လိမ်လည်မှုများနှင့် အွန်လိုင်း လောင်းကစားမှုများ ပပျောက်စေရေး အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက် လျက်ရှိသကဲ့သို့ ကမ္ဘောဒီးယား နိုင်ငံအနေဖြင့်လည်း အွန်လိုင်း ငွေကြေး လိမ်လည်မှုများနှင့် အွန်လိုင်း လောင်းကစားမှုများ တိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံအတွက် လိုအပ်သည့် ပြည်ပဝင်ငွေများကို ရှာဖွေရာတွင် နိုင်ငံအတွက် အကျိုးပြုမည့် လုပ်ငန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားရန်လိုကြောင်း၊ မိမိတို့ တိုင်းပြည်၊ မိမိတို့ လူမျိုးများ ထိခိုက်ပျက်စီးနိုင်သည့် နည်းလမ်း များကို အသုံးမပြုရန်လိုကြောင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုများသည် အချို့မှာခြိမ်းခြောက် အကျပ်ကိုင်မှုများကြောင့် လုပ်ကိုင် နေရခြင်းဖြစ်သော်လည်း အချို့ သောသူများမှာ ၎င်းတို့၏စိတ်ဆန္ဒ ဖြင့် ပါဝင်ဆောင်ရွက်နေကြသည် ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံ တွင် အွန်လိုင်းငွေကြေးလိမ်လည် မှုများနှင့် အွန်လိုင်းလောင်းကစား မှုများပြုလုပ်ပြီး ဖမ်းဆီးရမိခဲ့သော ပြည်ပနိုင်ငံသားများအား ဥပဒေ နှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ နိုင်ငံများသို့ စနစ်တကျ ပြန်လည် လွှဲပြောင်းပေးခဲ့သကဲ့သို့ မိမိတို့ နိုင်ငံသားများကိုလည်း ဥပဒေနှင့် အညီထိထိရောက်ရောက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း။


ပြည်ပနိုင်ငံသို့ ရောက်ရှိနေ သည့် သံတမန်များနှင့် ပညာတော် သင် သင်တန်းသားများအနေဖြင့် မိမိတို့နိုင်ငံ၏ သမိုင်းကြောင်း အမှန်များနှင့် လက်ရှိဖြစ်ပေါ်နေ သည့်အခြေအနေမှန်များကိုလည်း မျက်ခြည်မပြတ် လေ့လာသိရှိ နေရန်လိုကြောင်း၊ အလားတူ မိမိတို့ရောက်ရှိ တာဝန်ထမ်းဆောင် နေသည့် နိုင်ငံ၏သမိုင်းကြောင်း ဆိုင်ရာများနှင့် မျက်မှောက်ကာလ ဖွံ့ဖြိုးတိုးတက်လာမှုများ၊ မိမိတို့ နိုင်ငံနှင့် ဆက်ဆံဆောင်ရွက် လျက်ရှိမှု အခြေအနေများကို စဉ်ဆက်မပြတ် လေ့လာသုံးသပ် ပြီး နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များ ပိုမိုတိုးတက်လာစေရေး တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုကြောင်း။


ဘာသာစာပေလေ့လာ

ဘာသာစကားနှင့်ပတ်သက် ၍ မိမိတို့ပြည်ပတွင် ရောက်ရှိ ပညာသင်ကြားနေချိန်နှင့် တာဝန် ထမ်းဆောင် နေချိန်များတွင် အားလပ်ချိန်များ၌ ရောက်ရှိ နေသည့်နိုင်ငံ၏ ဘာသာစာပေ များကို အမြဲမပြတ် လေ့လာ ဆည်းပူးနေကြရန် လိုကြောင်း၊ ထိုသို့ ဘာသာစာပေများ လေ့လာ တတ်မြောက် ထားခြင်းသည် တစ်ချိန်ချိန်တွင် မိမိတို့အတွက် မလွဲမသွေ အကျိုးရှိလာနိုင်မည် ဖြစ်ကြောင်း၊ ဘာသာစကား တတ်ကျွမ်းမှုမှတစ်ဆင့် မိမိတို့ ဆက်ဆံဆောင်ရွက်ရသည့်နိုင်ငံ များနှင့် ရင်းနှီးမှုများ ရရှိလာမည် ဖြစ်ပြီး ထိုမှတစ်ဆင့် နှစ်နိုင်ငံ ဆက်ဆံရေးကို တစ်ဖက်တစ်လမ်း မှ အထောက်အကူပြုတိုးတက်စေ မည်ဖြစ်ကြောင်း၊ အကြောင်း အမျိုးမျိုးဖြင့် ကမ္ဘောဒီးယားနိုင်ငံ သို့ ရောက်ရှိနေကြသည့် မြန်မာ နိုင်ငံသားများကိုလည်း ဥပဒေနှင့် အညီ ကူညီစောင့်ရှောက်ပေးကြ ရန် လိုကြောင်း၊ အလားတူ မိမိတို့ အချင်းချင်း ချစ်ချစ်ခင်ခင် စည်းစည်း လုံးလုံး နေထိုင်ကြရန် လည်း မှာကြားလိုကြောင်း ပြော ကြားသည်။

ဆက်လက်၍ နိုင်ငံတော် သမ္မတက သံရုံး၊ စစ်သံရုံးမိသားစု များ၊ ပညာတော်သင် သင်တန်း သား အရာရှိများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြချီးမြှင့်ငွေများ ပေးအပ်ရာ သံအမတ်ကြီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)နှင့် ပညာတော်သင်သင်တန်း သားများက လက်ခံရယူကြသည်။


ထို့နောက် နိုင်ငံတော်သမ္မတ သည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးအဆောက်အအုံ သစ်တည်ဆောက်မည့်မြေနေရာ ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး သံအမတ်ကြီး၏ တင်ပြချက်များ အပေါ် လိုအပ်သည်များလမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။

သတင်းစဉ်

No comments

Powered by Blogger.