ညောင်လေးပင်မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းတစ်ဧကလျှင် အစို ၁၂၈ တင်း ထွက်ရှိ
ညောင်လေးပင် စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၌
မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ယနေ့တွင် ဘိုင်းဒါးကျေးရွာရှိ တောင်သူ ဦးအောင်ဝင်း
သိန်း၏ မိုးစပါးဆင်းသုခစိုက်ခင်း ၁၃ ဧက၌ ပြုလုပ်သည်။
အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့ ညောင်လေးပင်ခရိုင်
စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်စိုက်/ကြပ်အဖွဲ့ဝင်များ၊
မြို့နယ် စိုက်/ကြပ်အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများက တက်ရောက်အားပေးကြပြီး စံကွက်များရိတ်သိမ်းခဲ့ရာ
တစ်ဧကလျှင် အစို ၁၂၈ တင်း ထွက်ရှိခဲ့ကြောင်း
သိရသည်။
နေလင်း(ညောင်လေးပင်)

No comments