အုတ်တွင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးလျက်ရှိ

 


အုတ်တွင်း စက်တင်ဘာ ၂၁

 

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ကုသရေးဦးစီးဌာနမှူး၏ စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည်။

 

မြို့နယ်ပြည်သူ့ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးအဖွဲ့များက အုတ်တွင်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကြိုတင်ရောဂါရှာဖွေခြင်း၊ ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ စနစ်တကျ လွှဲပြောင်းဆောင်ရွက်ရန်နှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို လစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)

No comments

Powered by Blogger.