တရုတ် နိုင်ငံတကာအာကာသစခန်း၌ အစားအသောက်နှင့် မီးဖိုချောင်အဆင့်မြှင့်တင်ဆောင်ရွက်

 


ပေကျင်း   စက်တင်ဘာ  ၂၁

အာကာသအတွင်းရှိ   တရုတ်နိုင်ငံတကာအာကာသစခန်းရှိ မီးဖိုချောင်နှင့် ချက်ပြုတ်ရေးကိရိယာများ အပါအဝင် အစားအသောက်များကို  အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အာကာသယာဉ်မှူးများ အာကာသထဲတွင် နေထိုင်သည့်ကာလအတွင်း အဆင်ပြေစေရေးဆောင်ရွက်ချက်ဖြစ်သည်။

အာကာသစခန်းရှိ  မီးဖိုချောင်တွင် အစားအသောက်များ  ပြန်လည်အပူပေးခြင်း၊  ရေသန့်သုံးစွဲခြင်းနှင့် အချိန်တိုအတွင်း အစားအသောက်များရရှိနိုင်ရန်အတွက် ဉာဏ်ရည်တုနည်းပညာဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် တရုတ်နိုင်ငံ အာကာသယာဉ်မှူးများစင်တာသည် ပုဂ္ဂလိကလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။ အာကာသအတွင်း စွန့်ပစ်ရေအား သောက်သုံးရန်  ပြန်လည်သန့်စင်ခြင်းအပြင် အပူချိန်အနည်းငယ်ဖြင့်  အစားအသောက်များအား    ပြန်လည်နွှေးကာ စားသုံးနိုင်မည့် အစီအစဉ်များကို ဆောင်ရွက်မည်ဖြစ်ကြောင်း  တရုတ်နိုင်ငံ မြောက်ပိုင်း တီယန်ကျင့်မြို့တွင် ကျင်းပသည့် အာကာသဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာညီလာခံတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်သည့်  လီဝေဘိုက  ပြောကြားသည်။ လက်ရှိအချိန်တွင်   အာကာသအတွင်းရှိ တရုတ်အာကာသစခန်း၌ တာဝန်ထမ်းဆောင်သည့် အာကာသယာဉ်မှူးများအတွက် အစားအသောက် အမယ် ၂၀၀ ခန့်အား စားသောက်နိုင်ရေး ဆောင်ရွက်ထားရှိပြီး   လတ်ဆတ်သည့်အသီးအရွက်များ၊  ကိတ်မုန့်နှင့်  ဒိန်ချဉ်ကဲ့သို့သော  စားသောက်စရာများ  ရရှိနိုင်ရန် ဆောင်ရွက်ထားကြောင်း  ၎င်းက ပြောကြားသည်။                    

ဆင်ဟွာ

No comments

Powered by Blogger.