တိုကျိုအပါအဝင် ဂျပန်နိုင်ငံ ကန်တို-ကိုရှင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်
တိုကျို စက်တင်ဘာ ၂
ဂျပန်နိုင်ငံ မိုးလေဝသအာဏာပိုင်များက
တိုကျိုမြို့အပါအဝင် ကန်တို- ကိုရှင် ဒေသတွင် လေထုအခြေအနေများ
အလွန်မတည်ငြိမ်လာသည့်အတွက် စက်တင်ဘာ ၃ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း
သတိပေးထား သည်။
ဂျပန်မိုးလေဝသအေဂျင်စီ(JMA)
၏ ပြောကြားချက်အရ
ရာသီအလိုက် မိုးတိမ်တောင်ဖြစ်ထွန်းမှုသည် ဂျပန်နိုင်ငံ တစ်ဝန်း တောင်ဘက်သို့ ရွေ့လျားလာမည်ဖြစ်ပြီး
တောင်ဘက်မှ ပူနွေးပြီး စိုထိုင်းသောလေထုများလည်း ဝင်ရောက်လာမည်ဖြစ်ကြောင်းသိရသည်။
ကန်တို-ကိုရှင်ဒေသတွင် စက်တင်ဘာ ၃ ရက် အရုဏ်တက်ချိန်မှ စက်တင်ဘာ ၅ ရက်ခန့်အထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။
စက်တင်ဘာ ၃ ရက်ညနေပိုင်းအထိ ၂၄ နာရီအတွင်း မိုးရေချိန်သည် မြောက်ပိုင်း ကန်တိုနှင့်ကိုရှင်ဒေသများတွင်
၈၀ မီလီမီတာအထိ ရှိနိုင်ပြီး ကန်တိုတောင်ပိုင်းတွင် ၆၀ မီလီမီတာအထိ ရှိနိုင်ကြောင်း
ခန့်မှန်းထားသည်။
မိုးလေဝသအေဂျင်စီ တာဝန်ရှိသူများက
မြေပြိုမှုများ၊ မြေနိမ့်ပိုင်းဒေသများတွင် ရေကြီးမှုများနှင့် မြစ်ရေမြင့်တက်မှုများအပြင်
မိုးကြိုးပစ်ခြင်း၊ လေပြင်းများ ရုတ်တရက်တိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် တိုက်တွန်းထားသည်။
အင်န်အိတ်ချ်ကေ

No comments