အိမ်မဲမြို့နယ်၌ အထူးကုဆရာဝန်ကြီးများက အခမဲ့ဆေးကုသပေး

 



အိမ်မဲ စက်တင်ဘာ ၂၀


မြောင်းမြမြို့မှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက အိမ်မဲမြို့နယ် ကန်ကုန်းကျေးရွာနှင့် ဆက်စပ်နယ်မြေများမှ ဒေသခံပြည်သူများအား စက်တင်ဘာ ၁၉ ရက်တွင် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးသည်။


အဆိုပါကွင်းဆင်းဆေးကုသမှုကို မြောင်းမြမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးဆောင်၍ ကလေးအထူးကုဆရာဝန်ကြီး၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး၊ မျက်စိအထူးကုဆရာဝန်၊ အရေပြားအထူးကုဆရာဝန်၊ သွားဘက်ဆိုင်ရာ အထူးကုဆရာဝန်၊ လက်ထောက်ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ ပါဝင်သည့် အဖွဲ့က အိမ်မဲပြည်သူ့ဆေးရုံမှ အထွေထွေရောဂါ အထူးကုဆရာဝန်၊ အိမ်မဲမြို့နယ် တိုက်နယ်ဆရာဝန်များနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။


ကွင်းဆင်းဆေးကုသမှုတွင် အထွေထွေရောဂါလူနာ ၁၇၉ ဦး၊ မျက်စိလူနာ ၁၃၆ ဦး၊ အရိုးအကြောလူနာ ၁၈၉ ဦး၊ သွားနှင့်ခံတွင်းလူနာ ၇၇ ဦး၊ ကလေးရောဂါလူနာ ၆၂ ဦး၊ အရေပြားလူနာ ၄၁ ဦး၊ ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးလူနာ ၃၂ ဦး၊ သားဖွားမီးယပ်လူနာ ၆၀ နှင့် ခွဲစိတ်ရောဂါလူနာ ၅၈ ဦးတို့အား စမ်းသပ်စစ်ဆေး၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။


ဆက်လက်၍ အထူးကုသမှုခံယူရန် လိုအပ်သည့် လူနာ ၁၆ ဦးအား မြောင်းမြမြို့ ပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့၍ လိုအပ်သော ဆေးကုသမှုများ ဆက်လက်ခံယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အိမ်မဲ(ပြန်/ဆက်)

No comments

Powered by Blogger.