တောင်ကြီးမြို့၌ ကျောက်တုံးကြီးလိမ့်ကျမှုဖြစ်ပွား
တောင်ကြီး စက်တင်ဘာ ၂၀
တောင်ကြီးမြို့ သစ်တောရပ်ကွက် ရှမ်းပြည်နယ်
သတ္တုတွင်းဦးစီးဌာနရုံး၏ အနောက်ဘက်ရှိ တောင်ပေါ်မှ ကျောက်တုံးသည်မြေသားများ အိကျ၍စက်တင်ဘာ
၁၉ ရက် ည ၁၁ နာရီ ၄၅ မိနစ်တွင် ပြည်ထောင်စုလမ်းမကြီး တောင်ကြီး-ဟိုပုံးသွား လမ်းဘေး၌
ကျောက်တုံးလိမ့်ကျမှု ဖြစ်ပွားခဲ့သည်။
ကျောက်တုံးလိမ့်ကျမှုကြောင့် ရှမ်းပြည်နယ်သတ္တုတွင်း
ဦးစီးဌာန ရုံးအဆောက်အအုံ ပေ(၁၀၀x ၈၀) သွပ်မိုး အုတ်ညှပ်တစ်ထပ် ရုံးအဆောက်အအုံတစ်လုံး
ပြိုကျပျက်စီးခဲ့သည်။ SHN12/9N-7215NISSAN Xtrail ယာဉ်တစ်စီး၊ HNS 24/1/-1577
Honda Fit ယာဉ်တစ်စီး ဆုံးရှုံးခဲ့ကြောင်း၊ လမ်းမကြီးပေါ် ပိတ်ဆို့နေသောမြေသားများ၊
ကျောက်တုံး/ကျောက်ခဲများ၊ သစ်ကိုင်းများကို ဝိုင်းဝန်းဖယ်ရှားပေးခဲ့ရပြီး လူနှင့်တိရစ္ဆာန်
ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)
92120261111.jpg)
No comments