နေကြာသီးနှံမျိုးစေ့ထုတ် နည်းပညာပေးသင်တန်းဖွင့်
ကလော စက်တင်ဘာ ၂၈
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်
ဟဲဟိုးမျိုးသန့်ခြံတွင် စိုက်ပျိုးရေးဦးစီးဌာန (နေပြည်တော်) မျိုးစေ့ဌာနခွဲ (ရုံးချုပ်)၏
ဦးဆောင်လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက
နေကြာသီးနှံ မျိုးစေ့ထုတ် နည်းပညာပေး သင်တန်းအမှတ်စဉ် (၂/၂၀၂၆) သင်တန်းဖွင့်လှစ်သည်။
ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ
ညွှန်ကြားရေးမှူးချုပ် (စီမံ၊စီမံကိန်း၊ငွေစာရင်း)က အမှာစကား ပြောကြားသည်။
ရှင်းလင်းပြောကြား
ဆက်လက်၍ ရှမ်းပြည်နယ် ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း
ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းတွင် တိုင်းဒေသကြီးနှင့်
ပြည်နယ်များမှ သင်တန်းသား သင်တန်းသူ ၅၀ တို့ အား In Person စနစ်ဖြင့် စာတွေ့ ၃၅ ရာခိုင်နှုန်း၊
လက်တွေ့ ၆၅ ရာခိုင်နှုန်းဖြင့် သင်တန်းကာလ နှစ်ပတ်ကြာ သင်ကြားသွားမည် ဖြစ်ကြောင်း
သိရသည်။
ကျော်ဝင်း(ကလော)

No comments