၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

 


နေပြည်တော်      စက်တင်ဘာ     ၂၈

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်  ဆုချီးမြှင့်ပွဲအခမ်းအနား ကို စက်တင်ဘာ ၃၀ ရက်  ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပမည်ဖြစ်ရာ ဗိုလ်လုပွဲ ပွဲစဉ်တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပုံများကို ယင်းနေ့ ညနေ ၃ နာရီ ၄၅ မိနစ်မှစတင်၍ MRTV Entertainment နှင့် MRTV Sports Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။

သတင်းစဉ်

No comments

Powered by Blogger.