ပုသိမ်မြို့၌ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများ တူးဖော်ရှင်းလင်း

 


ပုသိမ် စက်တင်ဘာ ၂

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် မိုးရာသီကာလ၌ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းက စျေးချောင်း ချောင်းလက်တက်အား ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ခဲ့သည်။

 

ပုသိမ်မြို့နယ်အတွင်း ရေးစီးရေလာကောင်းမွန်၍ မြို့သန့်ရှင်းသာယာမှုရှိစေရေး၊ ရေနုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်၍ သန့်ရှင်းသပ်ရပ်ပြီး အနံ့ဆိုးများကင်းဝေး စေရေးတို့အတွက် မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်စီမံမှုဖြင့်အရှည်ပေ ၄၀၀၊ အကျယ်ပေ ၂၀ ခန့်ရှိသော စျေးချောင်း ချောင်းလက်တက်အား ရေစီးရေလာကောင်းမွန်စေရေး ဖော်ထုတ်ရှင်းလင်းကာ ထွက်ရှိလာသောအမှိုက်များအားလုံးကို မြို့စည်ပင်သာယာအဖွဲ့ပိုင် ယာဉ်များဖြင့် စနစ်တကျ သိမ်းဆည်းပေးနေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။  

ကျော်ဟိန်း(ပြန်/ဆက်)

No comments

Powered by Blogger.