အသက် (၁၄) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ U-14 Boys Royal - D Cup 2026 ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

 


နေပြည်တော်  စက်တင်ဘာ 

ပြည်ထောင်စုနယ်မြေ နေပြည်တော် အသက်(၁၄)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ U-14 Boys Royal-D Cup 2026 ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို  ယနေ့မွန်းလွဲ  ၃ နာရီတွင်  ဇမ္ဗူသီရိမြို့နယ်  အမှတ်() အခြေခံပညာအထက်တန်းကျောင်း  ဘောလုံးကွင်း၌  ကျင်းပသည်။

ဗိုလ်လုပွဲစဉ်အဖြစ် အထက() ဇေယျာသီရိအသင်းနှင့်  အထက(မင်းကုန်း)အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများက ကြည့်ရှုအားပေးရာ ပြိုင်ပွဲတွင်  အထက() ဇေယျာသီရိအသင်းက သုံးဂိုး - ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ  U-14 Boys Royal D Cup 2026  ဘောလုံးပြိုင်ပွဲတွင်  ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အသင်းများအားဂုဏ်ပြုဆုနှင့် ပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံး အားကစားသမားဆု၊  အကောင်းဆုံး ဂိုးသမားဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု ရရှိသူများအား ငွေသားဆုနှင့် ဆုတံဆိပ်များကို လည်းကောင်း၊ တတိယဆုနှင့် တတိယဆုရ ကိုယ်စားပြုကျောင်းအသင်း၊ ဒုတိယဆုနှင့် ဒုတိယဆုရ ကိုယ်စားပြု ကျောင်းအသင်းအား ဆုတံဆိပ်၊ ငွေသားနှင့် ဆုဖလားကိုလည်းကောင်း နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ပြီး ပထမဆုရရှိသည့်  အထက() ဇေယျာသီရိအသင်းအား ဆုတံဆိပ်၊ ငွေသားနှင့် တံခွန်စိုက်ဒိုင်းဆုကို နေပြည်တော်ကောင်စီဥက္ကဋ္ဌက  ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)

No comments

Powered by Blogger.