ကော့မှူးမြို့နယ်၌ သမဝါယမအသင်းစုလီမိတက် နှစ်ပတ်လည်စည်းဝေး

 


ကော့မှူး စက်တင်ဘာ ၃၀

 

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ဒါရိုက်တာအဖွဲ့ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တောင်ပိုင်းရပ်ကွက် မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပသည်။

 

ဦးစွာ ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားအတည်ပြုချက်ရယူသည်။

 

ထို့နောက် သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ၊ သမဝါယမအသင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေနှင့်အညီ ဒါရိုက်တာအဖွဲ့အား ရွေးချယ်တင်မြှောက်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)

No comments

Powered by Blogger.