သထုံမြို့၌ လူငယ်စကားဝိုင်းကျင်းပ
သထုံ စက်တင်ဘာ ၂၂
မွန်ပြည်နယ် သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို
ယနေ့နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း
နဝဒေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ကျောင်းအုပ်ဆရာကြီးက အမှာစကားပြောကြားပြီး
ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက
လူငယ်စကားဝိုင်း ပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသား ကျောင်းသူများ စာအုပ်၊
စာပေတို့ကို လေ့လာခြင်းဖြင့် အသိပညာများဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေး
ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ကျောင်းသား ကျောင်းသူ ငါးဦးတို့က
လူငယ်နှင့် စာဖတ်ခြင်း၊ ကျွန်ုပ်အနှစ်သက်ဆုံးစာအုပ်တစ်အုပ်၊ လူငယ်နှင့် ရည်မှန်းချက်၊
လူငယ်နှင့် အောင်မြင်ရေး ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့်
၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များကို မျှဝေဆွေးနွေးကြသည်။
ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
လက်ထောက်ညွှန်ကြားရေးမှူးက စကားဝိုင်းနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း
သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments