နောင်ချိုမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး

 


နောင်ချို စက်တင်ဘာ ၁၇

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ကျောင်းသား ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

 

ဟောပြောပွဲတွင် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ ရဲအုပ် ဟန်ထွန်းနိုင်က ယာဉ်မောင်းနှင်ရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ အထူးဂရုပြုမောင်းနှင်ကြရန်နှင့် ဆိုင်ကယ်စီးနင်း အသုံးပြုသူများအနေဖြင့် သိသင့်သိထိုက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ လမ်းလျှောက်သူများ လိုက်နာရမည့်စည်းကမ်းချက်များကို အသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.