မိုးနဲမြို့နယ်၌ ကြက်ဥစားသုံးမှုဖူလုံစေရေး ကြက်မွေးမြူရေးခြံများ ကြည့်ရှု
မိုးနဲ စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ်အတွင်း ကြက်ဥစားသုံးမှု ဖူလုံစေရေးအတွက် ကြက်မွေးမြူ ရေးခြံများကို တာဝန်ရှိသူများက ယနေ့မွန်းလွဲ ၃ နာရီက ဝမ်ဟေ ကျေးရွာ မွေးမြူရေး တောင်သူ ဦးတင်ခိုင် မွေးမြူထားသော ဥစားကြက်ခြံနေရာသို့ ကွင်းဆင်း ကြည့်ရှုခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဝေစိုးနှင့် တာဝန်ရှိသူများ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒေါက်တာအောင်လင်း တို့က ဝမ်ဟေကျေးရွာ ဥစားကြက် မွေးမြူရေးခြံသို့ စစ်ဆေးရာ မြို့နယ်အုပ်ချုပ်ရေးမှူးက မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါများ ကြိုတင် ကာကွယ်ရန်နှင့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် မွေးမြူရေးလုပ်ငန်းများ ထိခိုက်မှုမရှိစေရေး ဆောင်ရွက် ထားရန် မှာကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးက မွေးမြူထုတ်လုပ်မှု တိုးတက်မြင့်မားပြီး ဒေသတွင်း ကြက်ဥ စားသုံးမှု ဖူလုံစေရေးအတွက် ရာသီအလိုက် ဖြစ်ပွားတတ်သော ရောဂါများအကြောင်း အသိပညာပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)

No comments