ဗြိတိန်၌ ဖောက်ခွဲမှုသံသယဖြင့် အမျိုးသားအချို့ကို ဖမ်းဆီး၊ နေအိမ်များရွှေ့ပြောင်း

 


လန်ဒန်  စက်တင်ဘာ  ၂၇

ဗြိတိန်နိုင်ငံ အင်္ဂလန်အနောက်ပိုင်း ဝဲလ်ဖို့ဒ်ဒေသ၌ ဖောက်ခွဲရေးဆိုင်ရာ ဥပဒေချိုးဖောက်မှုသံသယဖြင့် အမျိုးသားအချို့ကို ဖမ်းဆီးခဲ့ပြီးနောက် အနီးရှိ နေအိမ်အချို့မှ ဒေသခံများကို  စက်တင်ဘာ ၂၇ ရက်တွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း   ဒေသတွင်း မီဒီယာများတွင် ဖော်ပြသည်။

ဝဲလ်ဖို့ဒ်ဒေသသည် အမေရိကန်တပ်ဖွဲ့များ အသုံးပြုနေသည့် RAF Fairford လေတပ်စခန်းအနီးတွင် တည်ရှိ သည်။       ဒေသခံများကို   အနီးရှိ  အပန်းဖြေစင်တာသို့   ပို့ဆောင်ရွှေ့ပြောင်းထားပြီး  ဖြစ်စဉ်ကို ထိန်းချုပ်ထားနိုင်ပြီဟု ရဲတပ်ဖွဲ့က ပြောသည်။

ဖမ်းဆီးခံထားရသူများသည် ဖောက်ခွဲရေးဆိုင်ရာ ဥပဒေချိုးဖောက်မှုများကျူးလွန်သည်ဟု သံသယရှိသူများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ထို့ပြင် ဗြိတိန်တပ်ဖွဲ့၏ ဖောက်ခွဲရေးပစ္စည်းရှင်းလင်းရေးအဖွဲ့က မော်တော်ယာဉ်အချို့ကို စစ်ဆေးလျက်ရှိသည်။

အဆိုပါဖြစ်စဉ်သည် အနီးရှိ RAF Fairford လေတပ်စခန်းနှင့် တိုက်ရိုက်ဆက်စပ်မှုရှိ၊ မရှိကို ရဲတပ်ဖွဲ့က  အတည်ပြုထားခြင်းမရှိသေးကြောင်း သိရသည်။

ဆင်ဟွာ

No comments

Powered by Blogger.