စီမံချက်လုပ်ငန်းအစီအစဉ်များ မိတ်ဆက်ပွဲကျင်းပ
ရန်ကုန် စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်
လူမှုဝန်ထမ်းဦးစီးဌာနနှင့် Terre des hommes-Lousanne Country office Myanmar တို့
ပူးပေါင်းဆောင်ရွက်သည့် စီမံချက်လုပ်ငန်း အစီအစဉ် မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက
လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် Sky Hotel ခန်းမ၌ ကျင်းပသည်။
ဦးစွာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်
စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး Tdh-L အဖွဲ့မှ
စီမံချက်မန်နေဂျာက Tdh-L အဖွဲ့မှ အကောင်အထည်ဖော်ဆောင်နေသည့် စီမံချက်များအကြောင်းနှင့်
Tdh-L တာဝန်ရှိသူတစ်ဦးက မိသားစု ပြန်လည်ပေါင်းစည်းဝင်ဆံ့ရေး လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။
ထို့နောက် စီမံချက်၌ လိုအပ်သောကြီးကြပ်ပံ့ပိုးမှုများဖြင့်
ဘဝရပ်တည်နေထိုင်နိုင်ရေးလုပ်ငန်းစဉ်၊ အခြားနည်းလမ်းများဖြင့် ပြုစုစောင့်ရှောက်ခြင်းနှင့်
ကလေးသူငယ်များ တရားမျှတမှုလက်လှမ်းမီရေး လုပ်ငန်းစဉ်များကို Tdh-L အဖွဲ့တာဝန်ရှိသူများက
ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments