၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း အမျိုးသားသုံးယောက်တွဲပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ စတင်ကျင်းပ
နေပြည်တော် စက်တင်ဘာ ၃
အားကစားရေးရာဝန်ကြီးဌာန
အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူး၍ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့်
ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို
ယနေ့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ကျင်းပသည်။
ဝန်ကြီးဌာနပေါင်းစုံ
ပိုက်ကျော်ခြင်း(အမျိုးသား) သုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းကို နှစ်ပွဲ-တစ်ပွဲ၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအသင်းက လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက စက်မှုနှင့်အသေးစား၊ အငယ်စား၊
အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းက
အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို
နှစ်ပွဲပြတ်၊ ကျန်းမာရေးဝန်ကြီးဌာနအသင်းက ဥပဒေရေးရာဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို
နှစ်ပွဲပြတ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းက သာသနာရေးဝန်ကြီးဌာနအသင်းကို
နှစ်ပွဲပြတ်၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအသင်းက
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းကို နှစ်ပွဲ-တစ်ပွဲ ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းက ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲ-တစ်ပွဲ၊ အားကစားရေးရာဝန်ကြီးဌာနအသင်းက
လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိကြသည်။
ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့်
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ ပညာရေးဝန်ကြီးဌာန
အသင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲ-တစ်ပွဲ၊ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက
အလုပ်သမားဝန်ကြီးဌာနအသင်းကို နှစ်ပွဲ-တစ်ပွဲ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်
နေရာချထားရေးဝန်ကြီးဌာနအသင်းက ဥပဒေရေးရာဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာနအသင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းကို နှစ်ပွဲ-တစ်ပွဲ၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအသင်းကို
နှစ်ပွဲပြတ်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအသင်းက သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအသင်းကို
နှစ်ပွဲ-တစ်ပွဲ၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက ပြည်ထောင်စု ရာထူးဝန်အဖွဲ့အသင်းကို
နှစ်ပွဲပြတ်၊ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို
နှစ်ပွဲပြတ်ဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
စက်တင်ဘာ ၄ ရက် နံနက်
၉ နာရီမှစတင်၍ ပိုက်ကျော်ခြင်း(အမျိုးသား) သုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အုပ်စုပတ်လည်နောက်ဆုံးပွဲစဉ်များနှင့် ပထမအဆင့် ရှုံးထွက်ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်

No comments