M-League ပွဲစဉ်(၂)ကို စက်တင်ဘာ ၄ ရက်မှ ၇ ရက်အထိ ကျင်းပမည်

 


ရန်ကုန်     စက်တင်ဘာ    

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာလိဂ်ကကြီးမှူး၍ Grand Royal AYA Bank နှင့် AYA Pay တို့၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပ သည့် ၂၀၂၆-၂၀၂၇ ရာသီ Grand Royal M-League ပြိုင်ပွဲ ပွဲစဉ်()ကို စက်တင်ဘာ ၄ ရက်မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပွဲစဉ်အချို့ကို ရက်နှင့် ကွင်းပြောင်းလဲကျင်းပမည်ဖြစ်သည်။

ပွဲစဉ်()တွင် ကျင်းပရန် စီစဉ်ထားသည့်ပွဲများအနက် နှစ်ပွဲကို သန်လျင်မြို့နယ် စတားစီးတီးရှိ Sunset Field, Star City Sport Club ၌ ပြောင်းလဲကျင်းပမည်ဖြစ်သည်။

ပွဲစဉ်()အဖြစ်  စက်တင်ဘာ    ရက်တွင် တောင်ဥက္ကလာပ ပဒေသာကွင်း၌ ရန်ကုန်စီးတီးအသင်းနှင့် ရတနာပုံအသင်း၊ သန်လျင် မြို့နယ်  Sunset Field, Star City Sport Club Chinland အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း၊ စက်တင်ဘာ ၅ ရက်တွင် သန်လျင်မြို့ Sunset Field, Star City Sport Club ၌ မြဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ သန်လျင်သီဟဒီပကွင်း၌ သစ္စာအားမာန်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်း၊ စက်တင်ဘာ ၆ ရက်တွင် ပုသိမ်ကျောက်တိုင်ကွင်း၌ ဧရာဝတီ ယူနိုက်တက်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်း၊ စက်တင်ဘာ ၇ ရက်တွင် သန်လျင်သီဟဒီပကွင်း၌ အား/ကာသိပ္ပံအသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

စောင့်ကြည့်ရမည်

ပွဲစဉ်()တွင် အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့ဆုံသည့်ပွဲ မပါဝင်သော်လည်း ပြင်ဆင်မှုများစွာ ပြုလုပ်ထားသည့် ရန်ကုန်စီးတီးအသင်းနှင့် ရတနာပုံအသင်း ထိပ်တိုက်တွေ့ဆုံမှုမှာ စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်နေသည်။ ပွဲစဉ်()တွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်ကို သရေကစားထားသည့် ရန်ကုန်စီးတီးအသင်း၏ ခြေစွမ်းကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ပြီး အသင်းသစ်သဖွယ် ပြင်ဆင်ထားသည့် ရတနာပုံအသင်း နိုင်ပွဲဆက်မလား စောင့်ကြည့်ရမည်ဖြစ်သည်။

လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းမှာမူ တန်းတက် မြဝတီနှင့် ကစားရမည်ဖြစ်သောကြောင့် ပထမဆုံးနိုင်ပွဲအတွက် ကြိုးစားရမည်ဖြစ်ပြီး နာမည်ကြီး ရန်ကုန်ယူနိုက်တက်အသင်းမှာလည်း တန်းတက် Chinland နှင့် ကစားရမည်ဖြစ်သည်။ ခြေစွမ်းမကွာသည့် သစ္စာအားမာန်နှင့်   ဟံသာဝတီ၊ အား/ကာသိပ္ပံနှင့် စစ်ကိုင်း၊ ဧရာဝတီနှင့် ဒဂုံစတားတွေ့ဆုံမှုများကလည်း ပြိုင်ဆိုင်မှုပြင်းထန်လာနိုင်သည်။

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - ML

No comments

Powered by Blogger.