ခရမ်းမြို့နယ်၌ အခြေခံဖူဆယ်ဒိုင်လူကြီးသင်တန်း ဖွင့်ပွဲကျင်းပ
ခရမ်း စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး
ခရမ်းမြို့နယ်၌ မြို့နယ်ဘောလုံးအဖွဲ့ချုပ်နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့
ပူးပေါင်း၍ အခြေခံဖူဆယ်ဒိုင်လူကြီးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးဝင်းဆွေကအမှာစကားပြောကြားပြီး မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ထက်လင်းက
နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီဥက္ကဋ္ဌ
ဦးခင်မောင်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
အဆိုပါ အခြေခံဖူဆယ်ဒိုင်လူကြီးသင်တန်းကို
စက်တင်ဘာ ၉ ရက်မှ ၁၄ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား ၂၀ တက်ရောက်သင်ကြားကြကြောင်း
သိရသည်။
ခရမ်း(ပြန်/ဆက်)
No comments