ဇီးကုန်းမြို့နယ်၌ နိုင်ငံသားစိစစ်ရေး ကတ်နှင့် UID ကတ်များ ဆောင်ရွက်ပေး
ဇီးကုန်း စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင်
ဇီးကုန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဇီးကုန်းမြို့နယ်ရုံးက
လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ထုတ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
မြို့နယ်ဦးစီးမှူး ဦးထွန်းအေးနှင့်ဝန်ထမ်းများက ယနေ့တွင် ဇီးကုန်းမြို့နယ် အထက (ဇီးကုန်း)၌
ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထွန်းအေးနှင့်
ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များထုတ်ပေးခြင်းတို့ကို
ဆောင်ရွက်ပေးခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန နတ်တလင်းခရိုင်ဦးစီးမှူး ဦးဝေမျိုးသက်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဌေးနှင့် ကျောင်းအုပ်ဆရာမကြီး
ဒေါ်ရီရီမြင့်တို့က ကြည့်ရှုအားပေးကြသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
နတ်တလင်းခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူ ၆၅ ဦးအား နိုင်ငံသားစိစစ်ရေးကတ်နှင့်
UID ကတ်တို့ကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)
No comments