လားရှိုးမြို့၌ ပြည်သူလူထုအား လုံခြုံစိတ်ချရသောဆိုင်ကယ်စီးဦးထုပ် အလုံး ၅၀၀ အခမဲ့ပေးဝေ

 


လားရှိုး စက်တင်ဘာ ၂၇

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် အမှတ် (၂၀) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းမြောက်) နှင့် အမှတ် (၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (လားရှိုး)တို့က (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူလူထုအား လုံခြုံစိတ်ချရသော ဆိုင်ကယ်စီးဦးထုပ် အလုံး ၅၀၀ အခမဲ့ပေးဝေခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းကို စက်တင်ဘာ ၂၆ ရက်က အမှတ် (၂၀) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး‌ရှေ့ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးထွဋ်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝေဖြိုးနိုင်၊ အမှတ် (၂၀) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရှမ်းမြောက်)မှ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး သက်နိုင်ဦး၊ အမှတ် (၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (လားရှိုး)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးဇော်လင်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုလမ်းမကြီး‌ပေါ်တွင် မော်တော်ဆိုင်ကယ်စီးနင်း သွားလာလျက်ရှိသည့် ဒေသခံပြည်သူများအား ဆိုင်ကယ်စီးဦးထုပ် စုစုပေါင်း အလုံး ၅၀၀ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လူမော်(ပြန်/ဆက်)

No comments

Powered by Blogger.