ပုသိမ်မြို့နယ်၌ ကျေးလက်လမ်း၊ တံတားလုပ်ငန်းဆောင်ရွက်နေမှု တာဝန်ရှိသူများကြည့်ရှုစစ်ဆေး
ပုသိမ် စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်သည် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ
တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ငါးကျီးထူ-စိုင်ခြံလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို
ကြည့်ရှုစစ်ဆေးသည်။
တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးသည် ပုသိမ်မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်
သန်းကျော်ဝင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ငါးကျီးထူ-စိုင်ခြံလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို
ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
အဆိုပါလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်
ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာလေးရွာရှိ ဒေသခံပြည်သူများ
ရာသီမရွေးသွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။
ကိုကိုဇော်

No comments