မင်းလှ-လှည်းကူး-ညောင်ဝန်း-အိုးသည်ကုန်းလမ်းပေါ်ရှိ အုတ်ခုံခံသစ်သားတံတားပြုပြင်ရန် ကွင်းဆင်းစစ်ဆေး
မင်းလှ စက်တင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် သန်း ၁၄၀ ဖြင့် တာဝန်ယူဆောင်ရွက်မည့် မင်းလှ- လှည်းကူး-ညောင်ဝန်း- အိုးသည် ကုန်းလမ်းပေါ်ရှိ အုတ်ခုံခံသစ်သားတံတားပြုပြင်ရန် အခြေအနေကို စက်တင်ဘာ ၉ ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ပဲခူးတိုင်းဒေသကြီး တာဝန်ခံအင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် တာဝန်ရှိသူများနှင့်အတူ ဌာနမှ တာဝန်ယူဆောင်ရွက် သည့် မင်းလှ-လှည်းကူး-ညောင်ဝန်း-အိုးသည် ကုန်းလမ်းပေါ်ရှိ အရှည်ပေ ၉၀ အုတ်ခုံခံသစ်သားတံတားအား ရေလယ်တိုင်တံတားကြမ်းခင်း ဘီးနင်းနှင့်လက်ရန်းတိုင်များ အစားထိုးလဲလှယ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments