M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ဒုတိယအကျော့စတင်ကျင်းပ

 


ရန်ကုန် စက်တင်ဘာ ၁၀

၂၀၂၆  M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ဒုတိယအကျော့ ပွဲစဉ် ၁၄ ပထမနေ့ကို စက်တင်ဘာ ၁၀ ရက်က စတင်ကျင်းပရာ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ နိုင်ပွဲရရှိသည်။.

YUSC  ကွင်း၌  ကျင်းပသည့်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက ဒဂုံစတားယူနိုက်တက်အသင်းကို  တစ်ဂိုး-ဂိုးမရှိ ဖြင့်  အနိုင်ရရှိသည်။ အမှတ်ပေးဇယားထိပ်ပိုင်းမှ အသင်းနှစ်သင်း ထိပ်တိုက်တွေ့ဆုံခြင်းဖြစ်ပြီး   ရန်ကုန်ယူနိုက်တက်အသင်းက  နိုင်ပွဲရယူပြီး   ဒုတိယနေရာသို့   တက်လှမ်းနိုင်ကာ ဒဂုံစတားယူနိုက်တက်အသင်းမှာမူ အဆင့် ၃ နေရာသို့   ဆင်းပေးခဲ့ရသည်။ ပွဲမစခင်ကတည်းက မိုးသည်းထန်စွာရွာသွန်းပြီး ကွင်းထဲတွင် ရေဝပ်နေသဖြင့်   နှစ်သင်းစလုံး   ခက်ခက်ခဲခဲကစားခဲ့ရပြီး ရန်ကုန်ယူနိုက်တက်အသင်းက ပထမပိုင်းတွင် သွင်းယူသည့်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ၂၁ မိနစ်တွင် ကျော်ညီညီက သွင်းယူသည်။

ဗဟန်းမြက်ခင်းတုကွင်း၌ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းက Galaxy အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ရတနာပုံအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ၆၅ မိနစ်တွင် စိုးမောင်မောင်က သွင်းယူသည်။

ပွဲစဉ်(၁၄) ဒုတိယနေ့ကို စက်တင်ဘာ ၁၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဗဟန်းမြက်ခင်းတုကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် Falcon အသင်း၊ YUSC ကွင်း၌ သစ္စာအားမာန်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - YUFC

No comments

Powered by Blogger.