လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ပြည်သူ့စကားဝိုင်းကျင်းပ
ရန်ကုန် စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူပေါင်းကျင်းပသော
“ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့မွန်းလွဲပိုင်းက
လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမှတ်(၁၄)ရပ်ကွက် ဓမ္မပါလဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်
မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌတို့က အမှာစကားပြောကြားပြီး
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဇော်က ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏
ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့စကားဝိုင်းတွင် တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်ဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် မဏ္ဍိုင်(၃)ရပ်အကြောင်း၊
မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးရေး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ
ဒေါက်တာ စန်းမာက ဒေသဆိုင်ရာကျန်းမာရေး၊ မြို့နယ်ပညာရေးမှူးက ပညာရေး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့
လက်ထောက်အုပ်ချုပ်ရေးမှူးက စည်ပင်သာယာရေး၊ မြို့နယ် သမဝါယမဦးစီးအရာရှိက သမဝါယမ၏ လုပ်ဆောင်ချက်များ
စသည်တို့နှင့်ပတ်သက်၍ ဆွေးနွေးကြပြီး တက်ရောက်လာကြသည့်ပြည်သူများက သိရှိလိုသည်များကို
မေးမြန်းကာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments