M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက် ဂိုးပြတ်သွင်းပြီး ဧရာဝတီယူနိုက်တက် နိုင်ပွဲရယူ
ရန်ကုန် စက်တင်ဘာ ၃၀
M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၇ ဒုတိယနေ့ကို စက်တင်ဘာ ၃၀ ရက်က ဆက်လက်ကျင်းပရာ ရန်ကုန်ယူနိုက်တက်
ဂိုးပြတ်သွင်းပြီး ဧရာဝတီယူနိုက်တက် နိုင်ပွဲရယူခဲ့သည်။
YUSC ကွင်း၌ကျင်းပသည့်ပွဲတွင်
ရန်ကုန်ယူနိုက်တက်အသင်းက Chinland အသင်းကို ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။ ချန်ပီယံမျှော်လင့်ချက်အတွက် ရန်ကုန်ယူနိုက်တက်အသင်း
အမှားမခံဘဲ ဂိုးပြတ်နိုင်ပွဲနှင့်အတူ ထိပ်ဆုံးမှ အား/ကာသိပ္ပံအသင်းကို ဆက်လက်ဖိအားပေးလျက်ရှိ သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ပထမပိုင်းအပြီးတွင်
နှစ်ဂိုး-တစ်ဂိုး ဖြင့်သာ အနိုင်ရနေသော်လည်း ဒုတိယပိုင်းတွင် ဂိုးများထပ်မံသွင်းယူခဲ့ခြင်းဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဇွဲခန့်အောင်က
၁၃၊ ၄၅၊ ၆၉ မိနစ်တို့တွင် ဟက်ထရစ်သွင်းယူပြီး ကျန်အနိုင်ဂိုးများကို ၅၄ မိနစ်တွင်
လမင်းပြည့်စုံ၊ မိနစ် ၇၀ တွင် ခွန်းချိုထူးတို့က သွင်းယူသည်။ Chinland
အသင်းအတွက် ချေပဂိုးတစ်ဂိုးကို မိနစ် ၂၀ တွင် ဗန်ဒွက်လန်ထောင်က သွင်းယူသည်။
ဗဟန်းကွင်း၌ကျင်းပသည့်ပွဲတွင် ဧရာဝတီယူနိုက်တက်အသင်းက ရန်ကုန်စီးတီးအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဧရာဝတီယူနိုက်တက်အသင်းသည်
နောက်ပိုင်းပွဲများတွင် ခြေစွာနေသည့် ရန်ကုန်စီးတီးအသင်းကို အနိုင်
ယူကာ အမှတ်ပြည့်ရယူခဲ့သည်။ ဧရာဝတီယူနိုက်တက်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၃၈ မိနစ်တွင် ထက်အောင်လွင်က သွင်းယူသည်။
ယှဉ်ပြိုင်ကစား
ပွဲစဉ်(၁၇) တတိယနေ့ကို အောက်တိုဘာ ၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဗဟန်းကွင်း၌ Galaxy အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-ML

No comments