အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း အမျိုးသားလေးယောက်တွဲပြိုင်ပွဲ အုပ်စုပွဲများတွင် မြန်မာအသင်း တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထား
ရန်ကုန် စက်တင်ဘာ ၃၀
ဂျပန်နိုင်ငံ၌ကျင်းပလျက်ရှိသည့်
အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲအုပ်စုပွဲများကို
စက်တင်ဘာ ၃၀ ရက်က ကျင်းပရာ မြန်မာအသင်း သည် တစ်ပွဲနိုင်၊ တစ်ပွဲ ရှုံးနိမ့်ထားသည်။
မြန်မာအသင်းသည် အုပ်စု (A) တွင် ဗီယက်နမ်၊ လာအို၊ အိန္ဒိယအသင်းတို့နှင့်
တစ်အုပ်စုတည်း ကျရောက်နေပြီး ပထမနေ့တွင် နှစ်ပွဲကစားရခြင်းဖြစ်သည်။ မြန်မာအသင်းသည် ဗီယက်နမ်အသင်း ကို
နှစ်ပွဲ - တစ်ပွဲဖြင့် အရေးနိမ့်ပြီး လာအိုအသင်းကို ၂-၁ ပွဲဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် အောက်တိုဘာ
၁ ရက်တွင် အိန္ဒိယအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာပိုက်ကျော်ခြင်းအသင်းသည် ယခုအာရှအားကစားပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားသုံးမျိုး ယှဉ်ပြိုင်ရာ အမျိုးသားသုံးယောက်တွဲပြိုင်ပွဲနှင့် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ရလဒ်မကောင်း ဘဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး နောက်ဆုံးပြိုင်ပွဲအဖြစ် အမျိုးသားလေးယောက်တွဲပြိုင်ပွဲ ယှဉ်ပြိုင်နေခြင်းဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်

No comments