Myanmar Fight (35) မျိုးဆက်သစ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများ ကျင်းပ

 


ရန်ကုန်   စက်တင်ဘာ   ၂၇

အားကစားနှင့်  ကာယပညာဦးစီးဌာန မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်နှင့် Myanmar  Martial  Art  Group (MMAG) တို့  ပူးပေါင်းစီစဉ်မှုဖြင့်   မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော  ကုမ္ပဏီလီမိတက်က အဓိကပံ့ပိုးကူညီကာ 2026 Myanmar Fight (35) မျိုးဆက်သစ်မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲများကို  ယနေ့မွန်းလွဲ  ၁  နာရီက ရန်ကုန်တိုင်းဒေသကြီး   မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူအားကစားရုံ၌ တွဲဆိုင်း ၁၀ ဆိုင်းကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲများ၌   ဇေယျာနိုင်(ပဲခူးကလပ်)နှင့်   ယောရိ (Nina Club)ပြိုင်ပွဲတွင်   ဇေယျာနိုင်လက်သီးထိုးချက် ကြောင့်   ဒုတိယအချီ၌‌ ယောရိအနား‌တောင်းခဲ့ကာ ဆက်လက်မယှဉ်ပြိုင်၍ အရှုံး‌ပေးလိုက်ရသည်။ ကျားပေါက်  (Tiger King)နှင့် ဇွဲဘိုဘိုအောင် (Nline Club)ပြိုင်ပွဲတွင် သူတင်ကိုယ်တင် ထိုးကြရာ တတိယအချီ၌ ကျား‌ပေါက်က ဘိုဘိုအောင်ကို အလဲထိုးနိုင်ခဲ့သည်။ စိုင်းစန်းထူး(MK1)နှင့်  နိုင်မင်းဟိန်း (Vanguard)ပြိုင်ပွဲမှာလည်း နိုင်မင်းဟိန်းက  စိုင်းစန်းထူးကို  တတိယအချီတွင် အလဲထိုးနိုင်ခဲ့သည်။

ဆက်လက်၍ ဒေးဗစ်ချင်း(MK1 )နှင့် မွန်လေး(ဇာတိမြန်မာ)၊ ဖြိုးမင်းသန်း(ပဲခူးကလပ် )နှင့် ထွန်းလင်းအောင် (Smart Fight) တို့ပြိုင်ပွဲများ၌   အလူးအလဲဖြင့်    ပူးတွဲသရေကျခဲ့သည်။

ကျော်ဇင်နိုင်(ဇာတိမြန်မာ)နှင့် လောဆိုင် (MK1 )တို့ပြိုင်ပွဲတွင် ကျော်ဇင်နိုင်လက်သီး‌ကြောင့် ဒုတိယအချီ၌   လောဆိုင် ဒဏ်ရာရ၍ အရှုံး‌ပေးလိုက်ရသည်။

ကျော်မင်းလွင် (Unity Seven)နှင့် အောင်မြင့်မြတ်(Vanguard )တို့   ပြိုင်ပွဲတွင် ကျော်မင်းလွင်က အောင်မြင့်မြတ်ကို တတိယအချီ‌၌ အလဲထိုးနိုင်ခဲ့သည်။

အောင်အောင်ဟိန်း (Smart Fight) နှင့် တိုးမောင်(အဖြူရောင်သွေးသစ်)တို့ ပြိုင်ပွဲတွင် အောင်အောင်ဟိန်းက    တိုးမောင်ကို ဒုတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့်နိုင်ခဲ့သည်။

ထို့ပြင် ကောင်းလင်းဆက် (ပဲခူးကလပ်) နှင့်ဟိန်းထက်အောင်  (Smart Fight)၊ ဝေါယောဇက်(ရိုးရာကျား)နှင့် ကျားမာန် ဟိန်း (Smart Fight)တို့   ပြိုင်ပွဲများ၌  အချီပြည့် ပရိသတ်အကြိုက်ထိုးကြကာ   ပူးတွဲသရေများ ကျခဲ့သည်။

ယင်းပြိုင်ပွဲသည် ၃ မိနစ်ထိုး ၂ မိနစ်နား သုံးချီစိန်ခေါ်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

အာကာ

No comments

Powered by Blogger.