အွန်လိုင်းလိမ်လည်မှု (Telecom Fraud)လုပ်ငန်းများ ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး အင်ဒိုနီးရှားနိုင်ငံသားတစ်ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့
နေပြည်တော် စက်တင်ဘာ ၃၀
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌
တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ် လည်မှုအပါအဝင်
ဒုစရိုက်မှု လုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍
သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း
ပေးအပ်လျက်ရှိသည်။
ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့် ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊
မြဝတီမြို့ဝန်းကျင်ရှိ ဆိုက်များအတွင်းသို့ တရားမဝင်လမ်း ကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့်
အင်ဒိုနီးရှားနိုင်ငံသား တစ်ဦးအား ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး
စစ်ဆေးနိုင်ခဲ့သည်။
အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့
အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေး အတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့်ကိုယ်ရေး
အချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို
မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး
ဦးရဲလင်းမောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
လွှဲပြောင်းပေးအပ်ရန် ကျန်ရှိသည့် ပြည်ပနိုင်ငံသား
၁၂၈၂ ဦး တွင် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော)ပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ
၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ
အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား ၅၇၈ ဦးရှိသည့်အတွက် ကျန်ရှိသည့် ပြည်ပနိုင်ငံသား
၇၀၄ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့်
၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အနေဖြင့် Online Scam
Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို
ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့်
ဒေသတွင်း နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင်
အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်
နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲ ပြောင်းပေးနိုင်ရေး
ထိရောက်စွာ ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
%20%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%81%E1%80%BC%E1%80%AC%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%9C%E1%80%BD%E1%80%BE%E1%80%B2%E1%80%95%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8(%E1%80%9B%E1%80%B2)(%E1%81%83%E1%81%80.%E1%81%89.jpg)
No comments