မိုးနဲမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား U-14၊ U-16 အမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

 


မိုးနဲ     စက်တင်ဘာ    

ရှမ်းပြည်နယ်(တောင်ပိုင်း)  မိုးနဲမြို့နယ် အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆  ခုနှစ်  မြို့နယ်အားကစား နှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား U-14 U-16 အမျိုးသားကျောင်းပေါင်းစုံ  ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို စက်တင်ဘာ ၆ ရက်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ ဗိုလ်လုပွဲကို U-16 မိုးနဲ(အထက) ဘောလုံးအသင်းနှင့် မြို့မ(အလက)  ဘောလုံးအသင်းတို့  ယှဉ်ပြိုင်ကစားကြရာ   မိုးနဲ(အထက)အသင်းက ငါးဂိုး - ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် U-14 အသင်းနှင့်U-16 အသင်းတို့မှ  ပထမ၊ ဒုတိယဆုများ ရရှိကြသော  အသင်းများအား မြို့နယ်အားကစား နှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလားနှင့် တစ်ဦးချင်းအကောင်းဆုံး ဆုရရှိကြသူများအား  ဆုဖလား၊  ဆုတံဆိပ်၊ ငွေသားဆုနှင့် လည်ဆွဲတံဆိပ်များကို  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)

No comments

Powered by Blogger.