Volkswagen ကားထုတ်လုပ်ရေးကုမ္ပဏီ အလုပ်အကိုင် ၁ သိန်းအထိ လျှော့ချရန် စီစဉ်
ဘာလင် စက်တင်ဘာ ၇
ကုန်ကျစရိတ် အကြီးအကျယ်လျှော့ချမည့် အစီအစဉ်တစ်ခုကို
ကုမ္ပဏီ၏ ကြီးကြပ်ရေးဘုတ်အဖွဲ့က အတည်ပြုလိုက်ပြီဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် စီးပွားရေးအခက်အခဲများ ရင်ဆိုင်နေရသည့်
ဂျာမနီကားထုတ်လုပ်ရေးကုမ္ပဏီ
Volkswagen က ပြောကြားခဲ့သည်။
အဆိုပါအစီအစဉ်အရ အလုပ်အကိုင်ပေါင်း ၁ သိန်းခန့် လျှော့ချရေးနှင့် ဂျာမနီနိုင်ငံအတွင်းရှိ စက်ရုံ လေးရုံကို ပိတ်သိမ်းရေးတို့နှင့်ပတ်သက်၍
မည်သို့ ဆက်လက်ဆောင်ရွက်သွားမည်ကို
ကုမ္ပဏီက ဆွေးနွေးလျက်ရှိသည်။ Volkswagen က ကုမ္ပဏီ ပြန်လည်ဖွဲ့စည်းရေးအစီအစဉ်ကို
စက်တင်ဘာ ၃ ရက်က ကျင်းပခဲ့သည့် ကြီးကြပ်ရေးဘုတ်အဖွဲ့အစည်းအဝေး၌ အတည်ပြုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ကုန်ကျစရိတ် လျှော့ချမည့်
အစီအစဉ်အရ အလုပ်အကိုင်ပေါင်း ငါးသောင်းခန့်ကို ထပ်မံလျှော့ချ သွားမည်ဖြစ်ပြီး အဆိုပါ
အရေအတွက်တွင် စီမံခန့်ခွဲရေးရာထူးများလည်း ပါဝင်မည်ဖြစ်သည်။ ယခင်က ကြေညာထားပြီးဖြစ်သည့် အလုပ်အကိုင်ငါးသောင်းခန့် လျှော့ချမှုနှင့် ပေါင်းစပ်ပါက စုစုပေါင်း အလုပ်အကိုင် တစ်သိန်းခန့် လျှော့ချသွားမည်ဖြစ်သည်။ ဆွေးနွေးမှုတွင် ဂျာမနီနိုင်ငံရှိ Volkswagen စက်ရုံလေးရုံ၏ အနာဂတ်နှင့်ပတ်သက်သည့် အစီအစဉ်မျာလည်း ပါဝင်သည်။
Volkswagen ၏
ထုတ်လုပ်နိုင်စွမ်းမှာ ဥရောပဈေးကွက်၏ ဝယ်လိုအားထက် ကျော်လွန်နေပြီဖြစ်သော်လည်း အဆိုပါစက်ရုံများတွင်
၂၀၃၁ ခုနှစ်နောက်ပိုင်း ဆက်လက်ထုတ်လုပ်နိုင်မည်လားဆိုသည်မှာ မသေချာသေးကြောင်း ကုမ္ပဏီက ပြောကြားသည်။ Volkswagen သည် မကြာသေးမီနှစ်များအတွင်း အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။
အင်န်အိတ်ချ်ကေ

No comments