စစ်တွေမြို့၌ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသော ဒေသခံပြည်သူများအား စစ်တွေမြို့ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသပေးနေမှု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်




စစ်တွေ အောက်တိုဘာ ၂၃


စစ်တွေမြို့ပေါ်သို့ AA အကြမ်းဖက်သောင်း ကျန်းသူများ၏ ပစ်ခတ်မှုကြောင့် ယနေ့နံနက်ပိုင်းတွင် ထိခိုက်ဒဏ်ရာရရှိသော ဒေသခံပြည်သူများအား စစ်တွေမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ဆေးကုသပေးနေမှုကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်ဝန်ကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးစကားပြောကြားသည်။


ပေးအပ်


စစ်တွေမြို့ပေါ်သို့ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်မှုကြောင့် လူနေရပ်ကွက်များ ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ရာ ဆေးရုံတက်ရောက် ကျန်းမာရေး စောင့်ရှောက်မှုခံယူနေသော လူနာများအား ကျန်းမာရေးစောင့်ရှောက်မှု ပြည့်ဝစွာဆောင်ရွက်ပေးနိုင်ရေး ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများကို မှာကြားသည်။

 

ဆက်လက်၍ ဆေးကုသမှုခံယူနေသော ထိခိုက် ဒဏ်ရာရလူနာများကို တွေ့ဆုံအားပေးစကားပြောကြားပြီး သေဆုံးသူများ၏ မိသားစုဝင်များနှင့် ဆေးကုသမှုခံယူနေသော ဒဏ်ရာရသူများကို ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။


တင်ထွန်း(ပြန်/ဆက်)

No comments

Powered by Blogger.