အာဖဂန်နစ္စတန်နိုင်ငံ အစ်စလမ် ကာလာနယ်စပ်၌ မီးလောင်မှုကြောင့် လောင်စာဆီတင်ယာဉ် ၁၈ စီးထက်မနည်း ပျက်စီး



ကဘူးလ် အောက်တိုဘာ ၁

 

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်ပြည်နယ်၌ စက်တင်ဘာ ၃၀ ရက်ညနေပိုင်းက အစ်စလမ်ကာလာ နယ်စပ်ဖြတ်ကျော်ရာနေရာ၌ ပြင်းထန်သည့်မီးလောင်မှု ဖြစ်ပွားခြင်းကြောင့် လောင်စာဆီတင် ယာဉ် ၁၈ စီး ထက်မနည်းမီးလောင်ခဲ့ပြီး အခြားသုံးစီးမှာ တစ်ဝက်တစ်ပျက် ပျက်စီးသွားခဲ့ကြောင်း အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က အောက်တိုဘာ ၁ ရက်တွင် ကြေညာခဲ့သည်။

 

မီးသတ်တပ်ဖွဲ့များက မီးလောင်မှုကို အလျင်အမြန်ငြှိမ်းသတ်နိုင်ခဲ့ပြီး မီးကူးစက်လောင်ကျွမ်းခြင်းမှ တားဆီးနိုင်ခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရှိရသေးဘဲ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

ဆင်ဟွာ

No comments

Powered by Blogger.