ရတနာပုံအမျိုးသမီးအသင်း ကွင်းလယ်နှင့် တိုက်စစ်ပိုင်းအားဖြည့်ရန် မာရူနီနှင့် ရူပါခိုင်တို့ကိုခေါ်ယူ




ရန်ကုန် အောက်တိုဘာ ၁၇

ရတနာပုံအမျိုးသမီးအသင်းသည် မြန်မာအမျိုးသမီးလိဂ် ဒုတိယအကျော့ပွဲစဉ်များအတွက် အသင်း၏ တိုက်စစ်နှင့် ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းရန်အတွက် အသက် (၃၄)နှစ်ရှိ ကင်ညာအမျိုးသမီး လက်ရွေးစင်ကစားသမား မာရူနီနှင့် ရူပါခိုင်တို့ကို တရားဝင်ခေါ်ယူလိုက်ပြီဖြစ်သည်။


မာရူနီသည် တိုက်စစ်နှင့် ကွင်းလယ်နေရာများတွင် အဓိကပုံဖော်ကစားနိုင်သည့် ကစားသမား တစ်ဦးဖြစ်ပြီး ကင်ညာ ယူ-၂၀ အမျိုးသမီးအသင်း၊ ကင်ညာအမျိုးသမီး လက်ရွေးစင်အသင်းတွင် ပါဝင်ကစားခဲ့သူဖြစ်သည်။ ၎င်းသည် ကင်ညာကလပ် Vihiga Queens FC ၊ တရုတ်ကလပ် Fujian Nan'an FC ၊ အိန္ဒိယကလပ် East Bengal FC နှင့် Sesa FA စသည့် ကလပ်အသင်းများတွင် ကစားခဲ့သည့် အတွေ့အကြုံရင့် ကစားသမားတစ်ဦးဖြစ်ပြီး East Bengal အသင်းနှင့်အတူ အိန္ဒိယအမျိုးသမီး ပရီမီယာလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သလို Fujian Nan'an အသင်းတွင် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိထားသူဖြစ်သည်။


ထို့ပြင် ရတနာပုံအမျိုးသမီးအသင်းသည် တိုက်စစ်ပိုင်းကို အားဖြည့်ရန် ရှမ်းယူနိုက်တက်အသင်းမှ လက်ရွေးစင်တိုက်စစ်မှူး ရူပါခိုင်ကို ခေါ်ယူခဲ့သည်။ ရူပါခိုင်သည် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းတွင် ပုံမှန်ပွဲထွက် ကစားခွင့်ရရှိသူတစ်ဦးဖြစ်ပြီး တောင်ပံတိုက်စစ်နှင့် တိုက်စစ်မှူးနေရာများတွင် ကစားနိုင်သူဖြစ်သည်။

နေမျိုး၊ ဓာတ်ပုံ-YWFC

No comments

Powered by Blogger.