သထုံမြို့၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကျင်းပ
သထုံ အောက်တိုဘာ
၁
မွန်ပြည်နယ် သထုံမြို့နယ်တွင်
ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနကကြီးမှူး၍ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့
အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက နန်းခဲရပ်ကွက် သုဝဏ္ဏဘူမိဘိုးဘွားရိပ်သာ
ရာပြည့်ဘွားဦးဇွန်းဆောင်၌ ကျင်းပသည်။
ဦးစွာ သထုံခရိုင်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အခမ်းအနားကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး
တက်ရောက်လာသူများက ဘိုးဘွားများအား ဩကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြသည်။
ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များက
ဘိုးဘွားစုစုပေါင်း ၄၀ တို့အား လှူဖွယ်များ၊ စာရေးတံမဲများလှူဒါန်းပေးကြပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်
တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ တာဝန်ရှိသူတို့က ကျန်းမာရေးစောင့်ရှောက်ပေးခြင်းတို့ကို
ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments