သာယာဝတီမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကျင်းပ
သာယာဝတီ အောက်တိုဘာ ၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ
သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဆရာစံခန်းမ၌ကျင်းပရာ
ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊
ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက ကန်တော့ခံဘိုးဘွား ၂၅ ဦးတို့အား
အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)

No comments