တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး ကျင်းပ

 



ထားဝယ် အောက်တိုဘာ ၂၃


တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၆) ကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


မှာကြား


အစည်းအဝေးတွင် တိုင်းဒေသ ကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက တိုင်းဒေသကြီးသည် ရှည်လျားသောကမ်းရိုးတန်းဒေသ ကျွန်းစုများ၊ သယံဇာတများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်လာစေမည့် အလားအလာ ကောင်းများကို ပိုင်ဆိုင်ထားသောကြောင့် ဒေသ၏ အားသာချက်နှင့် ကိုက်ညီသော ရင်းနှီးမြှုပ်နှံသူများကို ဖော်ထုတ်ဆောင်ရွက်သွားကြရန် မှာကြားသည်။


ဆက်လက်၍ ကော်မတီအတွင်း ရေးမှူးက မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေနှင့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဆောင်ရွက်မှု အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ထားဝယ်ခရိုင် Dawei Golden Land Co., Ltd.၏ မှိုင်းခံရော်ဘာအဆင့် RSS-1,2,3 ထုတ်ကုန်များ ပြည်တွင်း/ပြည်ပ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ ကော့သောင်းမြို့နယ် Century Bright Gold Co., Ltd. ၏ ဟိုတယ်နှင့် အပန်းဖြေစခန်း ဝန်ဆောင်မှုလုပ်ငန်းနှင့် Kento Trading Co., Ltd. ၏ ဟိုတယ်နှင့် ဆက်စပ်ဝန်ဆောင်မှု လုပ်ငန်းတို့မှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေး တင်ပြမှုများအပေါ် မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.