တိုက်စစ်မှူးဆူလီဗန် အမေရိကန်ရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းရှင်ဖြစ်လာ
တိုက်စစ်မှူးဆူလီဗန်ဟာ အမေရိကန်အသင်းနဲ့ မက္ကဆီကိုအသင်းတို့ အောက်တိုဘာ ၄ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အမေရိကန်အသင်းရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းရှင်ဖြစ်လာခဲ့ပါတယ်။
အမေရိကန်အသင်းနဲ့ မက္ကဆီကိုအသင်းတို့ပွဲစဉ်မှာ
အမေရိကန်အသင်းက သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
တိုက်စစ်မှူးဆူလီဗန်ဟာ အသက် ၁၄ နှစ်အရွယ်နဲ့ မေဂျာလိဂ်မှာ စတင်ပွဲထွက်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး
လက်ရှိအသက် ၁၇ နှစ်နဲ့ ငါးရက်ရှိသွားပြီဖြစ်ပါတယ်။
ဆူလီဗန်ဟာ လက်ရှိအချိန်မှာ
မေဂျာလိဂ်ကလပ် ဖီလာဒဲဖီးယား ယူနီယံအသင်းမှာ ကစားနေတာဖြစ်ပြီး လာမယ့်ဘောလုံးရာသီမှာ ပရီမီယာလိဂ်ကလပ် မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ကစားမှာလည်း
ဖြစ်ပါတယ်။
ငွေကြယ်

No comments