အန်တိုနီဂျိုရှူယာနဲ့ တိုင်ဆန်ဖျူရီ ဒီဇင်ဘာလတွင် ယှဉ်ပြိုင်ထိုးသတ်မည်
ဗြိတိန်ရဲ့ ဟဲလ်ဗီးဝိတ်တန်း ပြိုင်ဘက်နှစ်ဦးဖြစ်တဲ့ အန်တိုနီဂျိုရှူယာနဲ့ တိုင်ဆန်ဖျူရီတို့ဟာ ဒီဇင်ဘာ ၁၁ ရက် မှာ ဝေးလ်နိုင်ငံ ကာဒစ်ဖ်မြို့၌ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။
တိုင်ဆန်ဖျူရီနဲ့ အန်တိုနီဂျိုရှူယာတို့ဟာ ကမ္ဘာ့ဟဲလ်ဗီးဝိတ်တန်းချန်ပီယံခါးပတ်တွေကို
နှစ်ကြိမ်စီရရှိထားကြသူတွေ လည်း ဖြစ်ပါတယ်။
အန်တိုနီဂျိုရှူယာဟာ
လက်ဝှေ့ကစားသမားဘဝမှာ ၃၄ ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာမှာ ပွဲ ၃၀ နိုင်ပွဲရရှိခဲ့ပြီး
၂၇ ပွဲက အလဲထိုး နိုင်ပွဲရရှိခဲ့တာ ဖြစ်ပါတယ်။
တိုင်ဆန်ဖျူရီကတော့
ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝမှာ ၃၉ ပွဲယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ၃၆ ပွဲအနိုင်ရရှိကာ
၂၅ ပွဲက အလဲထိုးနိုင်ပွဲရရှိထားတာ ဖြစ်ပါတယ်။
တိုင်ဆန်ဖျူရီဟာ ၂၀၂၄ ခုနှစ်အတွင်းက ယူကရိန်းလက်ဝှေ့ကျော်
အလက်ဇန္ဒားယူဆစ်နဲ့ နှစ်ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ရာမှာ နှစ်ကြိမ်စလုံးရှုံးနိမ့်ခဲ့ပြီး အလက်ဇန္ဒား ယူဆစ်ကတော့ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝ
၂၅ ပွဲအထိ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ငွေကြယ်

No comments