ကျိုက်လတ်မြို့နယ်၌ ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး




ကျိုက်လတ်  အောက်တိုဘာ  ၇


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် သီးထပ်စွမ်းအား မြှင့်တင်ရေး စိုက်ပျိုးစရိတ်ချေးငွေ ချဲ့ထွင်ထုတ်ချေးရာတွင် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့ နံနက်ပိုင်းက မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ခွဲ၌ စတင်ထုတ်ချေးပေးလျက်ရှိသည်။


အဆိုပါ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေးရာတွင် ရှေးဦးစွာ ကျိုက်လတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်နွယ်နွယ်ဝင်းက ချေးငွေ ပြန်လည် ပေးဆပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးရွာအုပ်စု ၃ အုပ်စုရှိ တောင်သူ ၁၀၂ ဦး၊ စိုက်ဧက ၇၇၅ ဧကအတွက် ချေးငွေကျပ် ၂၃၂၅.၀၀ သိန်းကို ထုတ်ချေးပေးလျက်ရှိပြီး ၂၀၂၆ခုနှစ်အတွက် ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေ များကို ကျေးရွာအုပ်စု ၈၃ အုပ်စု၊ တောင်သူ ၅၅၀၀ ဦး၊ ချေးငွေကျပ် ၁၁၅၈၅၀.၀၀ သိန်းအား တောင်သူများထံ လက်ဝယ်အရောက် ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်နွယ်နွယ်ဝင်း ထံမှ သိရ သည်။


လှိုင်မင်းအောင် (ပြန်/ဆက်)


No comments

Powered by Blogger.