ခွေးရူးရောဂါကာကွယ်ဆေး (အခမဲ့) ထိုးနှံပေး
အင်္ဂပူ အောက်တိုဘာ ၄
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ရွှေတောင်စု (စံပြ) ကျေးရွာခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ“Mass Dog Vaccination Programme” သုံးနှစ်ဆက်တိုက် ခွေးရူးရောဂါကာကွယ်ဆေး (အခမဲ့) ကွက်ပြည့် ထိုးနှံခြင်း (ပထမနှစ်) အခမ်းအနားပြုလုပ်သည်။
ဦးစွာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါက်တာစိုးနိုင်က သုံးနှစ်ဆက်တိုက် ခွေးရူးရောဂါ ကာကွယ်ဆေး (အခမဲ့) ကွက်ပြည့်ထိုးနှံခြင်း (ပထမနှစ်) အစီအစဉ်နှင့် ခွေးရူးရောဂါအကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရွှေတောင်စု ကျေးရွာနှင့် မကျီးကုန်းကျေးရွာတို့မှ ခွေး ၁၂၄ ကောင်အား ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)

No comments