၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနားကျင်းပ
ကျောက်ဆည် အောက်တိုဘာ ၄
၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အလုပ်တွင်ထိခိုက်မှုကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်း ဆုံးရှုံးမှု၊ အမြဲတမ်းမသန်စွမ်းမှု(ငွေလုံး)ထုတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးလူမှုဖူလုံရေး တိုင်းရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီးတာဝန်ခံ အရာရှိ ဒုတိယညွှန်ကြားရေးမှူးက ကံကောင်းခြင်းရတနာ သစ်အချော ထည်စက်ရုံမှ အာမခံအလုပ်သမား ဦးသူထူးစံအား အလုပ်တွင်ထိခိုက်မှု ၄၀ ရာခိုင်နှုန်း၏ ၇ နှစ်စာအတွက် အမြဲတမ်းမသန်စွမ်းမှု ငွေလုံးငွေရင်း အကျိုးခံစားခွင့် ငွေကျပ် ၃၃၈၆၈၈၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)

No comments